Breaking News

ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ သွင်းဂိုးအများဆုံးစာရင်းတွင် သုံးဦး ပူးတွဲဦးဆောင်



ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအပြီးတွင် သွင်းဂိုးအများဆုံး စာရင်း၌ ကစားသမားသုံးဦးက ပူးတွဲဦးဆောင်နေကြောင်း သိရသည်။
မြန်မာအသင်းတိုက် စစ်မှူး အောင်သူအပါအ၀င် ဗီယက်နမ်တိုက်စစ်မှူး ငုယင်ကောင်ဖောင်၊ မလေးရှားတိုက်စစ် မှူး သာနာဘာလန်တို့မှာ သွင်းဂိုးလေးဂိုးစီဖြင့် ဦးဆောင်နေခြင်းဖြစ်သည်။
ယင်းကစားသမား များအနက် ငုယင်ကောင်ဖောင်မှာ ဗီယက်နမ်အသင်း အုပ်စုအဆင့်မှ ထွက်ခဲ့ရသောကြောင့် မျှော်လင့်ချက်မရှိတော့ဘဲ တစ်ပွဲစီကစားရန်ကျန်သေးသည့် အောင်သူနှင့် သာနာဘာလန် တို့မှာ အခွင့်အရေးရှိနေကြောင်း သိရသည်။


ElevenSports

No comments