Breaking News

ခင်မင်မှုဆိုတာ ရိုးလေကောင်းလေ




ရိုးသားဖြူစင်တဲ့
ခင်မင်ခြင်း တွေပေါင်းစပ်ပြီး သံယောဇဉ်ဆိုတဲ့ တံတားတစ်စင်းမှာ သူသူငါငါ လျှောက်လှမ်းကြတယ်။

အချိန်ဆိုတဲ့ ပြယုဂ်မှာ
မေတ္တာတရားက ဝင်ရောက်နေရာယူပြီး တစ်ဦးနဲ့တစ်ဦး အကြင်နာတွေဖလှယ် ချစ်ခြင်းတွေတည်ဆောက် ရိုးရိုးလေး လျှောက်လှမ်းသူရှိသလို မာယာနဲ့လှည့်စား ဘဝပျက်ပြားအောင် ဥာဏ်ကစားကြသူတွေလည်း ရှိသည်ပေါ့။


လှည့်စားသူက ပျော်ကြပေမဲ့ ရှုံးနိမ့်သူကတော့ အမုန်းတွေ နာကျည်းချက်တွေနဲ့ စာမျက်နှာတစ်ရွက် စုတ်ပြဲခဲ့သူလည်း ရှိတယ်။ စာမျက်နှာပေါင်းမြောက်မြားစွာ 
မစုတ်စေဖို့တော့ ကိုယ့်ကိုကိုယ်သာ ဆင်ခြင်ရာပေါ့နော်။

ခင်မင်မှု့ဆိုတာ ရိုးလေ ကောင်းလေ ဆန်းလေ တန်ဖိုးလျော့လေမို့ ရိုးရိုးလေးပဲ ကောင်းပါတယ်။

လူ လူခြင်း မေတ္တာတရားနဲ့ ဘဝတွေကို နားလည်တဲ့ ရင်ဘတ်ခြင်းတူညီတဲ့
 မိတ်ဆွေစစ်တွေသာ ဆုံဆည်းကြပါစေ။👬👭👫

ထနောင်း ထနောင်း

No comments